၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
သူတစ်ပါးမလုပ်နိုင်သော ကိစ္စများအား လုပ်ကိုင်ဆောင်ရွက်နိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်တတ်မည်။ ရည်ရွယ်ချက်ကြီးများနေမည်။ ထူးထူးဆန်းဆန်း တီထွင်ကြံဆမှုများအပေါ် ဝါသနာလွန်ကဲနေမိတတ်သည်။ မည်သည့်ကိစ္စတွင်မဆို စိတ်ကို တည်ငြိမ်အေးဆေးစွာ ထား၍ ဆုံးဖြတ်လုပ်ကိုင်တတ်မည်။ ယာဉ်ကားများနှင့် ပတ်သက်၍ အကျိုးခံစားခွင့်ရရှိပါလိမ့်မည်။ အချစ်ရေး၌ ပြန်ပြောလျှင် ယခုနာကြည်းစရာအဖြစ် သံယောဇဉ်အတုနှင့် အကြာကြီးညာခဲ့ပါသော ချစ်ရသူ၏ အပြုအမူအပေါ်တွင် မည်သို့ပင် မေတ္တာအနေမှားသော်လည်း မိမိအပေါ် ချစ်လာလေ မလားဟူသော မျှော်လင့်ချက်များဖြင့် သစ္စာရှိစွာ စောင့်မျှော်ခဲ့ပါသည်။ အချစ်ရေးဝဋ်ကြွေးပမာဖြစ်ပေါ်နေခြင်းမျိုးကြုံရပါလိမ့်မည်။
အင်္ဂါသားသမီး
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
မိမိ၏ ရဲဝံ့စွန့်စားစွာ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ်တွင် အများ၏ ချီးကျူးအံ့သြခြင်းခံရပါလိမ့်မည်။ မဟုတ်မခံစိတ်များလွန်ကဲစွာဖြစ်ပေါ်နေတတ်သည်။ တော်တန်ရုံလုပ်ငန်းများအား အထင်မကြီးတတ်ပါ။ မိတ်ဆွေအပေါင်းအသင်းလွန်စွာပေါများတတ်သည်။ အပြိုင်အဆိုင်တွေ့ရသော်လည်း ဂရုမစိုက်တတ်ပါ။ မိမိရောက်သည့် နေရာတွင် သြဇာရှိနေပါလိမ့်မည်။ အချစ်ရေးတွင် တည့်တည့်မတ်မတ်မရှိ လှည့်လှည့်ပတ်ပတ်ဖြင့် ကတိပျက်တတ်ပါသော ချစ်သူ၏ စကားတွင် နစ်မျော သာယာမိပါသော်လည်း မချစ်သော မာယာဖြင့် လှည့်စားခံရမှုအပေါ်တွင် သိသိသာသာဖြင့် ရှိရှိပါပါ နစ်နာဆုံးရှုံးရခြင်းများအတွက် နာသော်လည်းပြုံးမိစွာဖြင့် ကြာသော်လည်း မုန်းမိစရာများအဖြစ် ဖြစ်ပေါ်ခံစားနေရပါလိမ့်မည်။
ဗုဒ္ဓဟူးသားသမီး
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
အထူးထူးသော ပညာရပ်များအား လေ့လာသင်ယူတတ်မြောက်ပါလိမ့်မည်။ ငွေဝင်ကံကောင်းမှုရှိ စေသော်လည်း ရွှေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့် ပတ်သက်၍ အကျိုးမပေးပါ။ ဤလုပ်ငန်းများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု လွန်ကဲစွာမပြုသင့်ပါ။ မိမိယုံကြည်ရသောမိတ်ဆွေများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု လွန်ကဲစွာမပြုသင့်ပါ။ မိမိယုံကြည်ရသော မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲရတတ်ပါသည်။ လူလိမ်ခံရတတ်ပါသည်။ ပညာနှင့်အကျိုပေးကံကောင်းနိုင်ပါသည်။ ကံကောင်းသော်လည်း မိမိတွင် ဇွဲဝီရိယနည်းနေတတ်သည်။ အချစ်ရေးတွင်တစ်ဦးတည်းအဖော်မဲ့စွာအပြစ်ဖြစ်သလို ခံစားခဲ့ရခြင်းအတွက် အချစ်စစ်ကိုခံစားစရာအဖြစ် လက်ခံနားလည်မှုပြုပေးလိုပါသော်လည်း ထင်သလိုမဖြစ်၍ အဆင်ပြေသလို ချစ်နေရမလိုသာ ကြုံနေရပါလိမ့်မည်။
ကြာသပတေးသားသမီး
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
မိမိ၏ ကြိုးစားအားထုတ်မှုများအတွက် အပင်ပန်းခံရကျိုးနပ်ပါလိမ့်မည်။ ပညာနှင့် အထူးအကျိုးပေးပါလိမ့်မည်။ ဝင်ငွေများစွာ ရရှိလျှင် ကျန်းမာရေး ဂရုစိုက်ရန် သတိပြုသင့်ပါသည်။ မကြာခဏ အခွင့်အရေးကောင်းများရရှိတတ်ပါသည်။ မိမိ၏ လုပ်ငန်းအပေါ်တွင်စတင်လုပ်ကိုင်သည်နှင့် ကူညီမစမည့်သူရှိနေပါလိမ့်မည်။ အလုပ်နှစ်မျိုးတစ်ပြိုင်တည်း လုပ်ကိုင်နေရတတ်သည်။ အချစ်ရေးတွင် ဆန့်ကျင်ဘက်လိင်များအပေါ်၌ အားနာစွာလိုက်လျောလက်ခံပြောဆိုမိခြင်းအပေါ်တွင် အသွင်တစ်ရပ်အမှားနှင့် အတူ မထင်မှတ်ထားသော ချစ်သူ၏ တုံ့ပြန်မှုအပေါ်နားလည်း ရှက်ကြောက်စရာအဖြစ် မိမိကိုယ်မိမိအပြစ်တင်၍ မဆုံးနိုင်သော နောင်တများ ရရှိခံစားရစေတတ်ပါသည်။
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
ဆွေမျိုးသားချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပတ်သက်၍ အဆင်မပြေမှုများစွာဖြစ်ပေါ်ကြုံတွေ့ ရပါလိမ့်မည်။ ခရီးယာယီသွားရမည်။ မိမိ၏ မျှော်လင့်ချက်များစိတ်တိုင်းမကျဖြစ်ရလိမ့်မည်။ မိမိ၏ အပြောအဆို အမူအရာသည် တစ်ဖက်လူ၏ သဘောအလိုအတူမပါသော ဆက်ဆံရေးမျိုးဖြစ်နေမိတတ်သည်။ အရာရာတိုင်းတွင်ဘေးဥပဒ် အနှောင့်အယှက် မကင်းဖြစ်နေပါလိမ့်မည်။ အချစ်ရေးတွင် အနေတစ်မျိုး နီးစပ်စွာ နေထိုင်မိခြင်းအတွက် ဆွေမျိုးနီးစပ်ထဲမှ အမျိုးသမီးတစ်ဦးဦးနှင့် အကျိုးနှစ်ဖြာ ကိုက်ညီစေရန်အတွက် ခိုးရာလိုက်မိစေဖို့စီစဉ်ရခြင်းမျိုးကြုံရပါလိမ့်မည်။
စနေသားသမီး
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
ကြိုးစားမှု၏ ဇွဲဝီရိယကြောင့် အောင်မြင်မှုကို ထိုက်တန်စွာခံစားရပါလိမ့်မည်။ အောင်မြင်မှုကို လိုလားမှုနှင့် အတူ မည်သည့် ပညာမဆို လေ့လာလိုက်စားလိုသော စိတ်ဓာတ်များပြင်းထန်နေမိပါလိမ့်မည်။ အပင်ပန်းခံနိုင်ရည်ရှိနေပါလိမ့်မည်။ မကြာခဏ စိတ်ကူးယဉ်ဆန်မည်။ အမျိုးမျိုးသော စည်းစိမ်ခံစားရပါလိမ့်မည်။ ရောက်ရှိရာ အရပ်ဒေသတိုင်းတွင် အမည်ဂုဏ်သတင်းထင်ပေါ်မှုဖြစ်စေမည်။ အလှူဒါနပြုရခြင်းများ၊ ဝမ်းမြောက်ဝမ်းသာလှူဒါန်းရခြင်းများကြုံရပါလိမ့်မည်။ အချစ်ရေးတွင် တကယ်အရွယ်ချင်းညီမျှ၍ ငယ်သူငယ်ချင်းပီသစွာ နှစ်ရှည်သံယောဇဉ်ဖြင့် ချစ်လာမိပါသောချစ်ဦးသူနှင့် လက်တွဲရပါလိမ့်မည်။
တနင်္ဂနွေသားသမီး
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
၁၇. ၁ . ၂၀၁၃ မှ ၂၃ . ၁ .၂၀၁၃ ထိ
မိမိအထက်လူကြီးများ၏ စောင့်ရှောက်ကူညီမှု ရရှိပါလိမ့်မည်။ ဌာနဆိုင်ရာအတွင်း အရေးပါ အရာရောက်သော တာဝန်ကြီးများ ထမ်းဆောင်ရပါလိမ့်မည်။ ကျန်းမာရေး ဂရုစိုက်ရန် လိုပါသည်။ အိပ်ရေးပျက်ခြင်း၊ စားသောက်မကောင်းခြင်းများ ဖြစ်စေတတ်ပါသည်။ သူတစ်ပါးအပေါ်တွင် အထင်အမြင်လွဲမှားမှု သံသယ ဖြစ်ရခြင်းမျိုး ကြုံရတတ်သည်။ လက်အောက်ငယ်သားများနှင့် အဆင်မပြေမှုများ ရှိတတ်ပါသည်။ မိမိယုံကြည်ရသော မိတ်ဆွေ ရှားပါးတတ်ပါသည်။ အချစ်ရေးတွင် တွေးလျက်နော်မပျော် မျှော်လင့်မှု မထားချင် စရာ ဘေးထွက်ဘောင်ကျော် ရင့်သီးသော စကားများဖြင့် ပြောဆိုခံရခြင်းမျိုး မထင်မှတ်စွာ ကြုံရပါလိမ့်မည်။ သင်အမှား မဖြစ်ပါစေနှင့်။
ရာဟုသားသမီး
၁၈ . ၁ . ၂၀၁၃ မှ ၂၅ . ၁ . ၂၀၁၃ ထိ
၁၈ . ၁ . ၂၀၁၃ မှ ၂၅ . ၁ . ၂၀၁၃ ထိ
အရှုပ်အရှင်းစကားများ ဖြေရှင်းရတတ်သည်။ မိမိဂုဏ်သိက္ခာ အမည်နာမ ပျက်ယွင်းအောင် ဒုက္ခပေးသောသူများနှင့် ကြုံတတ်သည်။ မီးဖိုချောင်၊ အိမ်သာ အစရှိသည့် နေရာများတွင် အပျက်အယွင်းရှိက ချက်ချင်းပြင်ဆင်ပါ။ နာရေးကိစ္စပေါ်တတ်သည်။ အခြားတစ်နေရာသို့ ရွှေ့ပြောင်းအိပ်ပါ။ ကြာသပတေးနေ့၊ တနင်္ဂနွေနေ့ မွေးသူများကြောင့် ပူပင်သောကဖြစ်ရမည်။
No comments:
Post a Comment