Tuesday, January 22, 2013

Jan 22nd မှ Jan 28th ကြား

မိဿရာသီ
Jan 22nd မှ Jan 28th ကြား


ဆုံးဖြတ်ချက်များ မှန်ကန်မည်။ အကြံသစ်များ လက်တွေ့ အကောင်အထည် ဖော်နိုင်မည်။ လူမျိုးကွဲ အကျိုးပေးမည်။ အရပ်ဝေးနှင့် ဆက်သွယ် ဆောင်ရွက်မှုများမှ ထူးခြားသော အကျိုးဆက် ကောင်း ရရှိမည်။ အလုပ်အကြံ သစ်များ လက်တွေ့ ဆောင်ရွက် နိုင်သည်။ ခရီးသွား၍ အကျိုး ရှိမည်။ မိတ်ကောင်း၊ ဆွေကောင်း တိုးပွားခြင်းနှင့် အရပ်ဝေးနှင့် ချိတ်ဆက် လုပ်ကိုင်မှုများမှ ဘ၀အခြေအနေ ကောင်းများ ရရှိမည်။ အလိုအလျောက် ဦးဆောင်ရသော အနေအထား ရောက်ရှိမည်။ သူတစ်ပါး ပြဿနာများကို တာဝန်ယူ ဒိုင်ခံ ဖြေရှင်း ပေးရမည်။ ဦးတည်ချက် ပြောင်း၍ လုပ်သော ကိစ္စများမှ အဆင့်မြင့် တက်လမ်းများ ရရှိမည်။ ခရီးကိစ္စ ဆောင်ရွက် အဆင်ပြေမည်။

ပြိဿရာသီ
Jan 22nd မှ Jan 28th ကြား


နောက်ဆုံး အဆင့် ရောက်ခါမှ ဖရိုဖရဲ ကစဥ့်ကလျားနှင့် အဆုံး သတ်ရန် ခက်ခဲ ကြန့်ကြာခြင်းများ ရှိမည်။ လူယုံထား၍ မရ။ အနီးဆုံး လူမှ ဒုက္ခ ပေးလိမ့်မည်။ အတွင်း သတင်းစကား ပေါက်ကြား တတ်သည်။ မည်သည့် အရာကို မဆို လျှို့ဝှက်၍ မရ။ ရှေ့တစ်မျိုး၊ ကွယ်ရာ တစ်မျိုး ဆက်ဆံခြင်း ခံရမည်။ နေရာ အပြောင်းအရွှေ့ကိစ္စ စီစဉ်မှုများ အောင်မြင်လိမ့်မည်။ လူမျိုးကွဲ၊ ဘာသာကွဲ တရုတ်၊ ကုလားများနှင့် ဆောင်ရွက်သော ကိစ္စများမှ ကောင်းသော အကျိုးဆက် ရမည်။ ငွေပျောက် တတ်သည်။ ငွေချေးက ဆုံးမည်။ လျှပ်စစ်မီး အန္တရာယ်၊ ဓာတ်ငွေ့ မီးဖို အန္တရာယ်များ ဂရုစိုက်ရမည်။ အချင်းချင်း မနာလို မှုကြောင့် ညီညွတ်မှု ပျက်ယွင်းကာ လုပ်ကိုင်သော လုပ်ငန်းများ မအောင်မမြင် ဖြစ်ရလိမ့်မည်။


မေထုန်ရာသီ
Jan 15th မှ Jan 21st ကြား


မတင်မကျ ပြတ်သားမှု မရှိသော ကိစ္စများ ကိုင်တွယ်ဖြေရှင်းရမည်။ ကြီးမားသော ပြဿနာ ဖြစ်ပွားနိုင်သည်။ အကြောင်းအရာများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ စာရွက်စာတမ်းနှင့် ငွေကြေးကိစ္စ မှန်သမျှ သတိနှင့် ဆောင်ရွက်ပါ။ ပစ္စည်းလက်ပြောင်းလက်လွှဲ၌ အလေအလွင့် အပျောက်အရှ များတတ်သည်။ လိမ်ညာလှည့်စားသူများ ရှိမည်။ တနင်္ဂနွေနေ့၊ အင်္ဂါနေ့ မွေးသောသူများကြောင့် စိတ်အနှောင့်အယှက် ကသိကအောက်များ ဖြစ်ပေါ်မည်။ အိမ်တွင်းရေး အညံ့ရှိသည်။ လုပ်ငန်းခွင်အတွင်း၌လည်း ပြဿနာ ရှုပ်ထွေးသူများ ပေါ်ပေါက်လာတတ်သည်။ ရောင်းမှားဝယ်မှား ဖြစ်တတ်သည်။ အလောတကြီး ဆုံးဖြတ်၍မရ။ သံယောဇဉ် မထားသင့်သူအား ထားခြင်းကြောင့် စိတ်ရှုပ်ထွေးရမည်။
သိဟ်ရာသီ
Jan 15th မှ Jan 21st ကြား


ဆောင်ရွက်နေသော ကိစ္စမှန်သမျှကို အပြီးသတ်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ ဆုံးဖြတ်ချက်သစ်များကို လက်တွေ့ အကောင် အထည်ဖော်နိုင်မည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လိုက်သော ကိစ္စအလုံးစုံတို့သည် တစ်ခြားသူများမှ မထင် မှတ်နိုင်သော ဆောင်ရွက်မှုပုံစံအသွင်နှင့် ထွန်းထွန်းပေါက်ပေါက် ရှိမည်။ အစီအစဉ်တကျ လုပ်ခြင်းထက် ပေါ်လာသော အခြေအနေပေါ် လက်တန်းဆုံးဖြတ်၍ လုပ်ကိုင်ခြင်းဖြင့် ထူးခြားသော တိုးတက်မှုများ ရရှိမည်။ ငွေကြေးအပေးအယူကိစ္စတွင် လူယုံထား၍မရ။ အိုးအိမ်ပြင်ဆင်ခြင်း၊ အလုပ်နေရာ အပြောင်းအလဲပြုခြင်း၊ လုပ်ငန်းသစ်များ စနစ်တကျ ဆောင်ရွက်ရန် ဆုံးဖြတ် ရှေ့တိုးခြင်းတို့အတွက် အထူးကောင်းသော ကာလဖြစ်သည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။
ကန်ရာသီ
Jan 22nd မှ Jan 28thကြား


ကျန်းမာရေးအညံ့ကြုံက မပေါ့ဆအပ်။ လမ်းကူးလမ်းဖြတ်သတိရှိပါ။ ယာဉ်၊ ကားမောင်းနှင်စဉ် အန္တရယ်ဖြစ်လွယ်သည်။ လုပ်ကိုင်နေသောလုပ်ငန်းများရုတ်တရက် ဆိုင်းငံ့ရပ်တန့်ရမည်။ သုဿန်တစ်စပြင်သို့ နာရေးကိစ္စတစ်ခုသို့ ပို့ဆောင်ပြီးအပြန်တွင် ဆက်တိုက်ကံကောင်းခြင်းနှင့် အောင်မြင်တိုးတက်မှုများ ဆက်တိုက်ဖြစ်ထွန်းလာမည်။ မမျှော်လင့်ဘဲ ငွေအစုလိုက်ဝင်းခြင်းရှိမည်။ မရည်ရွယ်ဘဲလုပ်သော လုပ်ငန်းမှ အကျိုးအမြတ်ကောင်းစွာရရှိမည်။ ကိုယ်ရေးကိုယ်တာကိစ္စထက်သူတစ်ပါးကိစ္စများကို ဦးစားပေး၍ ဆောင်ရွက်ရလိမ့်မည်။ လုပ်ငန်းခွင်အတွင်း လုပ်ရိုးလုပ်စဉ်မဟုတ်သော အပိုကိစ္စများ၊ ငွေကြေး စိုက်ထုတ်၍ လုပ်ကိုင်ရမည်။

တူရာသီ
Jan 22nd မှ Jan 28thကြား


စကားမတည်သူများနှင့် တွေ့မည်။ ကတိစာချုပ်များပြင်ဆင်ချုပ်ဆိုရမည်။ သူတစ်ပါးကတိပျက်၍ ချိန်ဆထားသည်များအားလုံး အလွဲလွဲအချော်ချော်ဖြစ်ကာနှောင့်နှေးကြန့်ကြာမည်။ ခရီးကိစ္စများကို ဆောင်ရွက်ရန် အတွက် အထူးအခါသင့်သည်။ ဖြစ်နိုင်ခြေမရှိဟု အများတကာက သတ်မှတ်ထားသည့်လုပ်ငန်း၊ စိန်ခေါ်မှုသစ်များကို ရဲရင့်စွာ လုပ်လိုက ဤရက်အတွင်းရှေ့တိုးလုပ်ကိုင်ပါ။ မရည်ရွယ်ဘဲ လုပ်ကိုင်လိုက်သော ကိစ္စမှန်သမျှသည် ထူးခြားသော အကျိုးဆက်သစ်များ ဖြစ်လာမည်။ လျှို့ဝှက်သတင်းပေါက်ကြားတတ်သည်။ စာရွက်စာတန်း များပျာက်ရှတတ်သည်။ ငွေပျောက်လွယ်သည်။ ယုံကြည်လွှဲ အပ်ထားသော သူများမှ အလွဲသုံးစားလုပ်ခြင်းများပြုလိမ့်မည်။

ဗြိစ္ဆာရာသီ
Jan 22nd မှ Jan 28thကြား


ထူးခြားသောအတွေးအကြံနှင့် ထင်ရှားသော အပြောင်းအလဲများဖြစ်ပေါ်မည်။ ဖြစ်လိုသော ဆန္ဒမှန်သမျှကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ အသစ်ပေါ်ပေါက်လာသော အခွင့်အလမ်းမှန်သမျှကို ရယူသုံးစွဲသင့်သည်။ လုပ်ကိုင်နေသော နေရာဝန်းကျင်တွင် ပုံစံသစ်၊ ဖွဲ့စည်းမှုသစ်များ အဆင့်ဆင့်ဖြစ်ထွန်းမည်။ ပြင်ဆင်ပြောင်းလဲရန် ရည်မှန်းကြံစည်ထားသည်တို့ကို လက်တွေ့ဆောင်ရွက်ရန် အခြေအနေကောင်းကြုံမည်။ မူလစီစဉ်ထားသည်နှင့် လက်တွေ့ဖြစ်ပေါ်လာသည်တို့မတူခြားနားကာပို၍ ခြားနားသော အခြေအနေသစ်တို့ ဖြစ်ပေါ်မည်။ မိသားစုတွင် လုပ်ငန်းသစ်များ လုပ်ကိုင်တိုးချဲ့၍ အောင်မြင်မည်။ အတတ်ပညာအတွက် ရည်မှန်းလုပ်ကိုင်မှုများအောင်မြင်မည်။

ဓနုရာသီ
Jan 15th မှ Jan 21st ကြား


အတတ်ပညာရှိလျက် ဘေးဖယ်ခံထားရသူ တစ်ဦးထံမှ အကြံဥာဏ်ကောင်းများ ရရှိမည်။ နည်းစနစ်ကောင်းများ လေ့လာ တတ်သိမည်။ ရည်မှန်းချက်သစ်များ အကောင်အထည်ဖော်ရန် အခါကျရောက်သည်။ ဆောင်ရွက်သမျှ ထွန်းပေါက်မည်။ စေတနာနှင့် ကူညီလိုက်သည့်အပေါ် လိုက်လံအပြစ်ဖို့ခြင်း ခံရမည်။ ဦးတည်ချက်သစ်နှင့် ဆောင်ရွက်ထားသော ကိစ္စမှ ကောင်းသောအကျိုးအမြတ် ရမည်။ နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့ရမည်။ စီးပွားလမ်းကြောင်းသစ် ပေါ်မည်။ ရည်ရွယ်ချက်များ အောင်မြင်မည်။ အလုပ်အဆင့် တိုးတက်မှုရှိသော်လည်း ထပ်ဆင့် တာဝန်ပေးခံရခြင်းများ ရှိမည်။
ကုမ်ရာသီ
Jan 22nd မှ Jan 28thကြား


သူတစ်ပါးစကားကတိများကို ယုံစားခြင်းငှာမသင့်။ လူလိမ်လူကောက်သတိရှိပါ။ လက်ပြောင်းလက်လွှဲ ပြုသောအခါများတွင်စနစ်တကျ စစ်ဆေးပြီးမှ လက်ခံပါ။ ငွေကြေးစာရင်းဇယား အရှုပ်အထွေးများ ဖြစ်တတ်သည်။ စကားရှုပ်သူများနှင့်တွေ့မည်။ အိမ်တွင်းရေး အပူရှိသည်။ ဥပဒေနှင့်ဆန့်ကျင်သော ကိစ္စမှန်သမျှ ရှောင်ပါ။ ရန်ပြဿနာများရှိမည်။ လိုက်လံဒုက္ခပေးသောသူများ အပြစ်ရှာ အန္တရာယ်ပြုသူများ အကြားရောက်ရှိနေသည်။ မာယာများ၍ လှည့်စားဥာဏ်များသော သူများ ထောင်ချောက်အတွင်း သက်ဆင်းကိန်းရှိသည်။ သေဆုံးနေသော ငှက်တစ်ကောင်နေထိုင်ရာ အိမ်ရှေ့တွင်တွေ့က အထူးသတိရှိပါ။ ရန်ပြဿနာကြုံခြင်း၊ ရန်မူခံရခြင်းများရှိမည်။

မိန်ရာသီ
Jan 22nd မှ Jan 28th ကြား


လွန်စွာ ထူးခြား၍ အဆင့် မြင့်မားသော အောင်မြင်မှု တို့ကို အခိုင်အမာ ဆောင်ရွက် နိုင်မည်။ ပေါ်ပေါက်လာသော စိတ်ကူး၊ အကြံဉာဏ် တို့ကို လက်တွေ့ ဆောင်ရွက် နိုင်မည်။ ဖြစ်လိုသည်များ၊ ဆန္ဒ ရည်ရွယ်ချက်များ အားလုံး အဆင် ပြေမည်။ ကိုယ်ပိုင် အစွမ်းအစကို လက်တွေ့ အသုံးချ၍ မြင့်မားသော အခြေအနေ များကို ဖန်တီးနိုင်မည်။ အလုပ်ရမည်။ လုပ်ငန်းရှိသူ ရာထူး တိုးမည်။ ချစ်သူ မရှိသူ ချစ်သူ ရမည်။ ချစ်သူရှိသူ နောက်ထပ် ရည်းစား ရမည်။ အိမ်ထောင် ရှိသူများ သားသမီး ရရှိမည်။ အလုပ်ရှာ သူများ လခကောင်းသော အလုပ် ရမည်။ ရဲရင့်စွာ မြှုပ်နှံ၍ စီးပွားကိစ္စ မှန်သမျှကို ပြတ်သားစွာ ဆောင်ရွက်ပါ။ အလုံးစုံ အဆင်ပြေမည်။

ကရကဋ်ရာသီ
Jan 15th မှ Jan 21st ကြား


တစ်ပြိုင်နက်တည်း တစ်ခုထက်မကသည့် လုပ်ငန်းများကို စိတ်ကူးသစ်၊ အကြံသစ်များနှင့် တီထွင်ဖန်တီး ဆောင်ရွက်၍ အဆင့်မြင့် တိုးတက်မှုများ ရရှိမည်။ ငွေကြေးအကုန်အကျ များမည်။ အပျောက်အရှများမည်။ ဆန့်ကျင်ဘက် ပြုသူများနှင့် ထိပ်တိုက်ရင်ဆိုင် ရမည်။ ဆောင်ရွက်နေစဉ် ကြုံတွေ့သမျှ အနှောင့်အယှက် အခက်အခဲတို့ကို ရင်ဆိုင်ဖယ်ရှားနိုင်မည်။ မြှုပ်နှံထားသော ငွေကြေး တို့ကို ပြန်ဖော်ရန် အခါကောင်းကျ၏။ အရောင်းထိုင်းပစ္စည်းများ ရောင်းချ၍ ငွေပေါ်မည်။ ပျိုရွယ်သူများအဖို့ အချစ်ရေး၊ မေတ္တာရေး ပဋိပက္ခများရှိမည်။ အသေးအမွှား ပြဿနာများကို ဖြေရှင်းငြင်းခုံလေ ပို၍ရှုပ်ထွေးလေ ဖြစ်မည်။

မကာရရာသီ
Jan 22nd မှ Jan 28th ကြား


မတော်တဆ ထိခိုက်မှု အန္တရာယ် ဂရုစိုက်ရမည်။ စွပ်စွဲခံရတတ်သည်။ ငွေကြေး စာရင်းဇယား လက်ပြောင်း လက်လွှဲတွင် ပြဿနာများ ရှိလိမ့်မည်။ ဦးတည်ချက် သစ်နှင့် ဆောင်ရွက်သော ကိစ္စများမှ မှန်းသလောက် အကျိုးမရှိ၊ ပြဿနာ ဟောင်းတစ်ခု ကိုလည်း အစအဆုံး ပြန်လည် ဖြေရှင်းရကိန်း ကြုံမည်။ သူတစ်ပါး ရှုပ်ထွေးထားသည့် ပြဿနာများကို တာဝန်ယူ ဖြေရှင်းရလိမ့်မည်။ ယာဉ်၊ ကား မောင်းနှင်မှု များတွင် သတိရှိပါ။ ဦးခေါင်းထက်၌ လခြမ်းပုံ ရောက်သော အချိန်၌ ခွေးနှစ်ကောင် အူသံ ကြားလေသော် အန္တရာယ် တစ်စုံတစ်ရာ မိမိထံ ကျရောက်မည့် နိမိတ် ဖြစ်သည်။ အသွားအလာ ဂရုစိုက်ပါ။ အဆိပ်ရှိ သတ္တ၀ါများ ကိုက်ခဲခံရမည်။








No comments:

Post a Comment